ပင်မစာမျက်နှာ
::East Wind Burma::
အငြင်းပွားစရာ ပညာရေး PDF Print E-mail
Written by ခင်မောင်ညို ( ဘောဂဗေဒ )   
Monday, 23 May 2011 13:50

တက္ကသိုလ်၌ ပညာသင်ကြားရသည့်အခါ အချို့က မည်သည့်ဘာသာရပ်ကို လေ့လာလိုက်စားလျှင် လူသက်သာမည်ကို တွက်ကြသည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံ၌ တစ်ခေတ်တစ်ခါက ပထဝီဘာသာရပ်နှင့် မြေယာစီမံခန့်ခွဲမှု ဘာသာရပ်ကို လေ့လာလိုက်စားလျှင် သက်သာသည်ကို တွေ့ရသည်။ ယခုအခါ အမေရိကန်နိုင်ငံ၌ သက်သာသည့် ဘာသာရပ်ကို ရွေးချယ်လိုသူများသည် စီးပွားရေးလုပ်ငန်းပညာ ဘာသာရပ်ကို လေ့လာလိုက်စားကြသည်ဟု ယူဆကြသည်။ အမေရိကန်တက္ကသိုလ်များ၌ ဘွဲ့ကြိုသင်တန်းသားများ၏ ၂၀ ရာခိုင်နှုန်း သို့မဟုတ် ၃၂၅၀၀၀ ခန့်က စီးပွားရေးလုပ်ငန်းပညာ သင်တန်းများကို တက်ရောက်ကြသည်ဟု ဆိုသည်။ ၄င်းတို့ကို အဆင့်မြင့်ပညာ သုတေသန စာတမ်းတစ်စောင်က ကြိုးစားမှုအနည်းဆုံး၊ မသိသားအဆိုးရွားဆုံး ကျောင်းသားများဟု စွပ်စွဲသည်။

Read more...
 
ဤသို့ ဤနှယ် ရှိလေ၏ PDF Print E-mail
Written by မောင်ပါလ   
Sunday, 12 June 2011 02:01

 
ဆိုက်ဘာ ရာဇ၀တ်မှုများ၏ ပစ်မှတ် IMF နောက်ဆုံးဖြစ်လာ PDF Print E-mail
Written by တေဇာ(လရောင်လမ်း)   
Monday, 13 June 2011 13:52

အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ IMF သည် ပြင်းထန်သည့် ဥပဒေချိုးဖောက်မှု ခံလိုက်ရသည်ဟု စနေနေ့က The New York Times သတင်းစာတွင် ဖော်ပြခဲ့သည်။

Read more...
 
ဦးနှောက်ကို ပျက်စီးစေသော အကြောင်း(၁၀)ချက် PDF Print E-mail
Written by ကျန်းမာရေး   
Friday, 24 June 2011 15:05

၁) စကားနည်းခြင်း

အသိဥာဏ် အတွေးအခေါ်ပိုင်းပါတဲ့ စကားစမြည်မျိုး ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့ စွမ်းရည်ကို တိုးတက်စေပါတယ်။

၂) စိတ်ဝင်စားတက်ကြွစွာ စဉ်းစားတွေးခေါ်မှုမရှိခြင်း

စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကို လေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ ဦးနှောက်ကို တက်ကြွစေတဲ့
စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံ့စေပါတယ်။

၃) ကျန်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကို အသုံးပြုခြင်း

ကျန်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာလုပ်တာမျိုး၊ စာကျက်စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့ စွမ်းဆောင်နိုင်မှုတွေကို လျှော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

၎) အိပ်ချိန်မှာ ခေါင်းကို ဖုံးအုပ်ထားခြင်း

ခေါင်းကိုဖုံးအုပ်ပြီး (ခေါင်းမြီးခြုံပြီး) အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကို တိုးလာစေပြီး
အောက်ဆီဂျင်စုစည်းမှုကိုတော့ လျော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။


၅) အိပ်ချိန်မလုံလောက်ခြင်း

အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ဆဲလ်တွေ သေဆုံးတဲ့နှုန်း မြင့်မားလာစေပါတယ်။

၆) လေထုညစ်ညမ်းခြင်း

ဦးနှောက်ဟာ ကိုယ်ခန္ဓာမှာ အောက်ဆီဂျင်ကို အများဆုံးအသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှု လျှော့နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။


၇) အချိုများလွန်ကဲစွာစားခြင်း

အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓာတ်နဲ့ အာဟာရတွေ စုပ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အဟာရချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောင့်အယှက်ဖြစ်စေပါတယ်။



၈) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့ မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါ) ပါ ဖြစ်လာနိုင်ပါတယ်။


၉) လွန်ကဲစွာစားသောက်ခြင်း

လိုအပ်တာထက် ပိုစားသောက်ခြင်းအားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါ
ကျဆင်းစေပါတယ်။

၁၀) မနက်စာမစားခြင်း

မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားဓာတ် ပိုနည်းတတ်ပါတယ်။ အဲဒါရဲ့ အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အာဟာရ မရတော့ဘဲ ဦးနှောက်ရဲ့ စွမ်းရည်ကို ကျဆင်းစေပါတယ်။

 

 

 
ဒေါ်လာဈေး- မြန်မာကျပ်ငွေ ဈေးနှုန်းတွေအကြောင်း PDF Print E-mail
Written by ခင်မောင်ညို ( ဘောဂဗေဒ )   
Friday, 08 July 2011 11:44

အမေးအမြန်းများကြသဖြင့် လက်လှမ်းမီသမျှ ၊ ဥာဏ်မီသမျှ ဖြေလိုက်ပါသည်။ ပိုမိုတတ်ကျွမ်းသော ပညာရှင်များ၏ သုံးသပ်ချက်ကို လေ့လာရန် တိုက်တွန်းလိုပါသည်။

၁။ မြန်မာကျပ်ငွေ တန်ဖိုးတက်စေလိုသည်၊ (သို့မဟုတ်) ကျစေလိုသည်ဆိုသည့် အစိုးရ၏ သဘောထားကို အစိုးရဌာနမှလည်းမဟုတ်၊ ကိုယ်လည်းလက်လှမ်းမမီသဖြင့် မသိရှိပါ။ သို့ဖြစ်၍ လက်ရှိအခြေအနေအပေါ် မည်သို့တုံ့ပြန်မည်ကိုလည်း မသိရှိပါ။

၂။ ယခုသိသိသာသာ တန်ဖိုးတက်နေသည်မှာ မြန်မာငွေ၏ ပြည်ပတန်ဖိုး (External Value of Money) ဖြစ်ပါသည်။ သို့သော် ခုဂဏန်း ငွေဖောင်းပွမှုနှုန်း (Single Digit Inflation) ရှိနေသောကြောင့် ပြည်တွင်း ငွေတန်ဖိုး (Internal Value of Money) သိသိသာသာ မာသည်ဟု မဆိုနိုင်ပါ။

Read more...
 
မြန်မာနိုင်ငံသို့ သွားနေသည့် မြောက်ကိုရီးယားသင်္ဘောအား အမေရိကန်ရေတပ်မှ ဟန့်တားခဲ့ PDF Print E-mail
Written by တေဇာ(လရောင်လမ်း)   
Monday, 13 June 2011 09:28

မြန်မာနိုင်ငံသို့ ဦးတည်ခုတ်မောင်းနေသော မြောက်ကိုရီးယား သင်္ဘောတစ်စင်းအား အမေရိကန်ရေတပ်က နေရပ်သို့ပြန်လှည့်စေရန် ဖိအားပေးနိုင်ခဲ့ပြီးနောက် လွန်ခဲ့သည့်နှစ်ပတ်ကတည်းက ဖြစ်ပွားခဲ့သော မတင်မကျအခြေအနေမှာ အဆုံးသတ်သွားပြီဖြစ်ကြောင်း နယူးယောက်တိုင်းမ် သတင်းစာတွင် ဖော်ပြပါရှိသည်။

Read more...
 
ဒေါ်အောင်ဆန်းစုကြည်၏ နုလုံးသားပုံရိပ်များ PDF Print E-mail
Written by မောင်မောင်ဝမ်း   
Monday, 20 June 2011 04:16

 

Read more...
 
ပြဿနာဟောင်းတစ်ခုအတွက် အကြံသစ်ဉာဏ်သစ်များ PDF Print E-mail
Written by ခင်မောင်ညို ( ဘောဂဗေဒ )   
Friday, 08 July 2011 11:36

ကမ္ဘာ့ဆင်းရဲသည့်ပြဿနာနှင့်ပတ်သက်၍ စာအုပ်များ၊ သဘောတရားများ များစွာထွက်ပေါ်ခဲ့ကြသည်။ မန်ဆာချူးဆက်တွင် ပညာရှင်နှစ်ဦးရေးသားသော “ကမ္ဘာ့ဆင်းရဲမှုတိုက်ဖျက်ရေး နည်းလမ်းများနှင့်ပတ်သက်၍ ပြန်လည်စဉ်းစားသုံးသပ်ခြင်း” စာအုပ်တစ်အုပ်ထွက်မည်။ ပညာရှင်တစ်ဦးသည် အိန္ဒိယနိုင်ငံ ကိုလ်ကာတားရှိ ဆင်းရဲသားများအကြောင်းဖတ်ရှုကာ သနားကြင်နာစိတ် ပေါ်ပေါက်ခဲ့သူဖြစ်သည်။ အခြားပညာရှင်တစ်ဦးကမူ ဆင်းရဲသားပညာရှင် ကလေးများသည် အမြဲတမ်းကစားချိန်ရနေသည်ဟု သိရသဖြင့် မနာလိုမကျေနပ်ခဲ့သူဖြစ်သည်။ မန်ဆာချူးဆက်နည်းပညာတက္ကသိုလ်မှ ထိုဘောဂဗေဒပညာရှင်နှစ်ယောက်က ဆင်းရဲမှုအကြောင်းကို စွဲစွဲလမ်းလမ်းလေ့လာသုံးသပ်ခဲ့ကြသည်။ ပညာရပ်ပိုင်းဆိုင်ရာသုတေသနများနှင့် ကိုယ်တွေ့အတွေ့အကြုံများကို ပေါင်းစပ်ကာ တစ်နေ့လျှင် ၀.၉၉ဒေါ်လာအောက် ၀င်ငွေဖြင့် ရပ်တည်နေကြသော လူ ၈၆၅သန်းတို့၏ ဘ၀ကို ထင်ပေါ်စေရန်ကြိုးစားကြသည်။ ထိုပညာရှင်နှစ်ယောက်က ကျပန်းစမ်းသပ်မှုများစွာကို ပြုလုပ်ခဲ့ကြသည်။

Read more...
 
သူငယ်ချင်းထံ ပေးစာ PDF Print E-mail
Written by သူငယ်ချင်းအာနိုး   
Tuesday, 26 July 2011 15:26



ဘူးသီးတောင်အကျဉ်းထောင်

ရခိုင်ပြည်နယ်

၂၆၊ ဇူလိုင်လ၊ ၂၀၁၁ ခုနှစ်။

သူငယ်ချင်းမောင်ဌေးကြွယ်

မနေ့  နေ့ လည်ခင်းက ရန်ကုန်မြို့ ၊ စိမ်းလဲ့ကန်သာဧည့်ရိပ်သာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်တို့  တွေ့ ဆုံစကားပြောကြတယ် သူငယ်ချင်း။ သူတို့ နှစ်ယောက် လူသိရှင်ကြား တွေ့ ကြတော့မယ်လို့  သိရတဲ့အခါ မင်းကို ပြေးသတိရမိတယ်ကွာ။ မင်း ယောက်ဖတော်ဖြိုးမင်းသိန်းနဲ့  ဘူးသီးတောင်အကျဉ်းစခန်းကနေ ပါးလိုက်တဲ့ သူငယ်ချင်းရဲ့  သ၀ဏ်လွှာကိုလည်း ဧရာဝတီသတင်းက တစ်ဆင့် လွန်ခဲ့တဲ့ (၆)လ ကျော်လောက်တုန်းက ငါတို့ တွေ သိခွင့်ရခဲ့တာလေးကို ပြန်တွေးဖြစ်မိတယ်ချစ်တီးရေ။

“ဆန်စင်ရာ ကျည်ပွေ့ လိုက်နေလို့  မဖြစ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့  တွေ့ ဆုံဆွေးနွေးမှုကို မလွဲမသွေလုပ်ရမယ်၊ ဒေါ်စုကို ၀န်းရံကြရမယ်” လို့  မင်းပြောခဲ့တယ်လေ။ မြန်မာ့နိုင်ငံရေး စိတ်ဝမ်းကွဲမှုတွေကို ရိုးသားစွာချုပ်ငြိမ်းလိုတဲ့ ဆန္ဒရှိကြတဲ့သူတိုင်းရဲ့  အနှစ်ချုပ်ပန်းတိုင်ကတော့ မင်းပြောတဲ့ စကားတွေပါဘဲ။

သူငယ်ချင်းရေ...

ခက်သားကလားကွာ။ တို့ နိုင်ငံအနှံ့  ဗုံးတွေ ခပ်စိတ်စိတ် ပေါက်ကွဲကြတုန်းက မိတ်ဆွေတစ်ဦးရဲ့  သုံးသပ်ချက်လေးကို မင်းကို ပြောပြချင်ပါတယ်။ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အချို့ က သူတို့ လုပ်တာလို့  ၀န်ခံရင်တောင် ပြည်သူတွေက ယုံမှ ယုံကြပါ့မလားတဲ့” ။ ဘယ်လိုလုပ်မလဲချစ်တီး။ ပြည်သူလူထုကြီးရဲ့  ယုံကြည်မှု၊ မယုံကြည်မှုကိစ္စဆိုတာ ကျောသပ်ရင်သပ် လုပ်လို့ မရသလို၊ ဆူးခက်နဲ့ နာနာရိုက်လို့ လည်း ရတာမှ မဟုတ်တာကွာ။ ဖြတ်သန်းမှုဘ၀တွေနဲ့ ရင်းရတယ်၊ ပြီးတော့ ထိုက်သင့်သလောက် အချိန်ယူရတယ်။ လွယ်လွယ်နဲ့ စံပယ်တွေ ပွင့်ရိုးထုံးစံမရှိပါဘူး။

ည အိပ်ခါနီးတိုင်း၊ မနက် မျက်စိနှစ်လုံးဖွင့်လိုက်တိုင်း ထောင်ထဲရောက်နေကြတဲ့ မင်းတို့ လို နိုင်ငံရေးအကျဉ်းသမားတွေကို ငါ အမြဲသတိရတယ်။ တစ်ခါတစ်ရံ မင်းကို အိပ်မက်မက်တယ်။ အဲဒီ အိပ်မက်ဟာဆူးတစ်ချောင်းဆိုရင် တို့ နိုင်ငံရဲ့ အတွင်းနက်နက်ကို ထိုးစိုက်နေတဲ့ ဆူးတစ်ချောင်းဘဲသူငယ်ချင်း။ တို့ နိုင်ငံဟာဆူးပေါင်းမြောက်မြားစွာ စူးနေရှာတဲ့ ဝေဒနာသည်နိုင်ငံကြီးပါကွာ။ လက်ထိပ်ခြေထိပ်မှာ ဆူးသေးသေးလေးစိုက်ဝင်နေရင်တောင် ခန္ဓာကိုယ်တစ်ခုလုံး နေရထိုင်ရပျက်နေသလို ခံစားရတယ်မဟုတ်လား။ မင်းတို့ လိုအရွယ်ကောင်းလူတော်တွေ မြန်မာ့လူ့ အဖွဲ့ အစည်းနဲ့  ဝေးရာကို အပို့ ခံထားရလေသမျှ တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေဆိုတာကို ငါတို့  စိတ်ဒုံးဒုံးချ မယုံနိုင်သေးဘူး။ ဘယ်လိုတွေ့ ဆုံဆွေးနွေးခြင်းကိုမှ အမြင်မကြည်လင်နိုင်သေးဘူးဆိုခဲ့ရင် ငါတို့ ကို အဆိုးမြင်ဝါဒီလို့  တံဆိပ်ကပ်လည်း သေတဖန်သက်တဆုံးသာ ရှုမြင်လိုက်ကြရုံပေါ့ကွာ။ မင်းတို့  လွတ်မှ ဖြစ်မယ်။ အကျဉ်းထောင်နဲ့  မင်းတို့ နဲ့  ဘာဆိုင်လို့ လဲ။

ချစ်တီးရေ...

ရှစ်လေးလုံး နှစ်ပတ်လည်နေ့ လည်း တစ်ကျော့ပြန် နီးလာပါပြီ။ ငါတို့ အုပ်စုကို “မြန်မာနိုင်ငံတွင်းမှ သစ္စာဖောက် ပုဆိန်ရိုးများ”လို့  အခု ဖမ်းဆီးခံထားရတဲ့ ထောက်လှန်းရေး တပ်မှူးဟောင်းဦးခင်ညွန့် က ပယ်ပယ်နယ်နယ် ဝေဖန်ခဲ့တာ ဒီကနေ့ တိုင် မမေ့နိုင်သေးဘူး။ ပေါ်ဦးတို့ အုပ်စုကိုတော့ “ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ မြေပေါ်မြေအောက်လှုပ်ရှားမှု” ခေါင်းစဉ်အောက်မှာ သွတ်သွင်းထားတာလည်း ဦးခင်ညွန့် ဘဲ။ မင်းတို့ ရောဦးခင်ညွန့် ရော အခု ကြံ့ဖွံ့ အစိုးရရဲ့  အကျဉ်းသားတွေအဖြစ် ဘ၀တူနေကြပေမယ့် တချိန်ကျရင် “ပုဆိန်ရိုး၊ ကွန်မြူနစ်” ကိစ္စတွေလည်း ရှင်းလင်းဖြည်ထုတ်ဖို့  မဖြစ်မနေလုပ်ကြရဦးမယ်။ ဒါသည်လည်း စူးတစ်ချောင်းဘဲလို့  ငါတို့ တွေ ယူဆထားပြီးသားပါ။

၈၈ လူထုအုံကြွမှုကြီးကို “ဒီမိုကရေစီရေး၊ လူ့ အခွင့်အရေး တောင်းဆိုကြခြင်း” ဆိုတဲ့ မြင့်မြတ်တဲ့ အခန်းကဏ္ဍထဲက ဖယ်ရှားမောင်းထုတ်ချင်နေကြတဲ့၊ “ပုဆိန်ရိုး ကွန်မြူနစ်” ခေါင်းစဉ်ထဲ ဆွဲသွင်းထားချင်နေကြတဲ့လူတစ်စု အခုထိ ရှိနေသေးတယ်ဆိုရင်တော့ ဧရာမအမှားဘဲလို့  ပြောလိုက်ပါရစေ။ မပြေလည်မှုတွေ၊ စိတ်ဝမ်းကွဲမှုတွေဟာ အဲဒီက စီးဆင်းလာတာဘဲသူငယ်ချင်း။ နိဂုံးချုပ်သွားလို့ လား၊ အဆုံးသတ်နိုင်ခဲ့လို့ လား။“ပုဆိန်ရိုး ကွန်မြူနစ် တွေဟေ့၊ ရှောင်ကြရှားကြ” လို့  ဦးခင်ညွန့် ရိုက်နှိပ်ပေးခဲ့တဲ့  တံဆိပ်တွေကို ငါတို့ ပြည်သူလူထုကြီးက ယုံကြည်လက်ခံခဲ့ကြလို့ လား။ ပြောခြင်းပြောရရင် ပုဆိန်ရိုး ကွန်မြူနစ်တွေသာ ပိုတိုးတိုးလာတယ်လို့  ဆိုရမလားဘဲနော်။ ရှစ်လေးလုံးလှုပ်ရှားမှုကြီးဟာ ဘယ်တော့မှ နွံမနစ်ဘူး။ ရာသီတွေပြောင်းပေမယ့် ငါတို့ သမိုင်း မနွမ်းဘူ၊ တည်စေခန့် စေရမယ်။

မောင်ဌေးကြွယ်ရေ...

ဘီဘီစီသတင်းထောက်ကြီးခရစ်တိုဖာဂါးနက်ကို သတိရတယ်ကွာ။ ၆- ၈- ၁၉၈၈ ရက်နေ့ က ဘီဘီစီမြန်မာပိုင်းရဲ့  ညဘက်ထုတ်လွှင့်ချက်ကို သတိရတယ်ကွာ။ အဲဒီနေ့ က အင်တာဗျူးမှာ ပါဝင်ခဲ့ကြတဲ့သူတွေအားလုံးကို ဒီရက်ပိုင်းတွေ ရောက်လာရင် နင့်နင့်သီးသီး လွမ်းဆွတ်မိပါတယ်။ မင်းတစ်ယောက်ထဲသာကြံ့ဖွံ့ အစိုးရရဲ့  အကျဉ်းစခန်းမှာ အချုပ်အနှောင်ခံထားရပြီး အများစုက နိုင်ငံခြားမှာ၊ ကျန်တဲ့ သုံးယောက်ဘဲပြည်တွင်းမှာ ရှိပါတော့တယ်။ မင်းကဖြင့် အလံတွေ လွှင့်တုန်း၊ လူးလွန့် နာကျင်တုန်း၊ တကယ့် သံမဏိ စိတ်ဓာတ်နဲ့  ခရီးရှည်ထွက်နေတုန်း။

ဘယ်လိုတွေ ခံရမယ်၊ ဘာတွေ ပေးဆပ်ရမယ်ဆိုတာ လုံးလုံးမစဉ်းစားဘဲ ငါတို့ ယုံကြည်ရာကို ရဲရဲဝံ့ဝံ့နဲ့  အရိုးရှင်းဆုံးလုပ်ခဲ့ကြတဲ့သမိုင်းကို နှစ်(၂၀) ကြာလာတဲ့အချိန်မှာ ချောင်ထိုးအရောင်ဆိုးပြီး ပုံဖျက်ချင်ကြတဲ့ သမိုင်းဆရာဆိုး လူ့ အန္ဓတွေကိုတော့ ငါတို့ အနေနဲ့  တာဝန်အရ ဆက်လက်ရင်ဆိုင်သွားဦးမှာဘဲ။၈၈ သမိုင်းကို နေရာမှန် မရောက်သေးသရွေ့ ဆက်ပြီး တွန်းရွှေ့ သွားနေရဦးမှာဘဲ။ မြန်မာ့လူ့ ဘောင်ကထမ်းတင်ပေးလိုက်တဲ့  ၈၈ မျိုးဆက်တွေရဲ့  မပြီးပြတ်သေးတဲ့ တာဝန်တွေပါဘဲ။

လက်ရှိအစိုးရအနေနဲ့ လည်း ၈၈၈၈ သမိုင်းအပေါ် မဟုတ်မမှန်ဝါဒဖြန့် မှုတွေကို ပြည်ဖုံးကားချသင့်ပြီလို့ ငါတော့ ယူဆမိတယ်သူငယ်ချင်း။ ငါတို့ နိုင်ငံရှေ့ ခရီးအတွက် ဘယ်လိုအပေါင်းလက္ခဏာမှ ထွက်မလာနိုင်တဲ့အပြင် အညှိုးအတေးတွေသာ ဆင့်ဆင့် ပုံလာဖို့ ရှိပြီး နိုင်ငံရေးစိတ်ဝမ်းကွဲမှု အက်ကြောင်းသာ ကြီးထွားလာလိမ့်မယ်မဟုတ်လား။ ကိုယ့်ဘက်ကို ကြည်ကြည်ပျပျမြင်စေချင်ရင် အဦးဆုံး ကိုယ်ကလည်း သူများဘက်ကိုစိတ်ဖြောင့်အူရှင်း သဘောထားနိုင်ဖို့  လိုအပ်ပါတယ်။

ကုလားရေ...

ဒေါ်အောင်ဆန်းစုကြည်နဲ့  အစိုးရတာဝန်ရှိဝန်ကြီးတစ်ယောက်နဲ့  တွေ့ ဆုံတဲ့အပေါ် မင်းအနေနဲ့  ဘယ်လိုမှတ်ချက်ပေးချင်သလဲလို့  မေးခွင့်ရရင် မေးချင်ပါတယ်။ မင်းမှ မဟုတ်ပါဘူး။ မြန်မာပြည်က ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးသမားတွေအားလုံးရဲ့  အသံကိုလည်း ကြားချင်ပါသေးတယ်။ ထို့ အတူဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဘယ်သူနဲ့ တွေ့ တွေ့ ၊ ဘာတွေ လုပ်လုပ်၊ ဘာစကား ပြောပြော “ထောင်ထဲကနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး” ဆိုတဲ့ လက်သီးဆုပ်ကို ဖြန့် မချ လိုက်ပါစေနဲ့ လို့  ငါတော့အမှာစကား ပါးလိုက်ချင်တယ်ကွာ။

ကိုသန်းတင်ကြီး ဆေးရုံတင်ထားရတယ်သူငယ်ချင်း။

 

သူငယ်ချင်းအာနိုး

(အောင်မျိုးထွန်း)
 
«StartPrev12345678910NextEnd»

Page 1 of 105